ရွှေမန်းမှာပေါ်တော်မူဘုရား ထွက်ပေါ်လာခြင်းဟာမင်္ဂလာသတင်းတစ်ခုပါပဲ၊
ထွက်ပေါ်လာမှုနဲ့ပတ်သက်လို့အယူအဆတွေ အမျိုးမျိုးဖြစ်နေရာ ဂေါပကအဖွဲ့နှင့်
ဆရာတော်ဘုရားကြီးတို့မှာ ရှေ့မှီနောက်မှီ လူကြီးများကိုမေးမြန်းခဲ့ကြပါတယ်..
အဲဒီတော့မှာ ပေါ်တော်မူဘုရားဖြစ်စဉ်အမှန်တွေကို ပြောပြချက်များအရ
ယုံကြည်မိတော့တယ်..
နောက်တစ်ချက်က...
ဆင်းတုတော်ကြီးများအတွက် ယာယီအဆောင်တော်ကို ၅၅သိန်းအကုန်အကျခံကာ
ဆောက်လုပ်ထားပြီး၊ အလှူငွေ တစ်ရာ့ခြောက်သိန်းကျော်ရရှိနေပါတယ်။
ုအ၀င်လမ်းများပြုပြင်ထားပြီး၊ ဈေးဆိုင်များ၊ သဲရောင်းသူများ စီးပွားရေးအခြေအနေ
ကောင်းကြပါတယ်..နေ့စဉ် ဘုရားဖူးလာသူများနှင့် စီကာနေပါတယ်..
လိုရာပြည့်စုံရန်မျိုးလုံ ပေါ်တော်မူဘုရားဆင်းတုတော်ကြီးများ
ပေါ်ထွန်းလာပုံ အကျဉ်းချုပ်
ဦးဧကန် (ကျောက်ဆစ်ပညာရှင်) အသက် (၇၇)နှစ်
(စကျင်ရွာ)၏ ပြောပြချက်
၁။ ဤပေါ်တော်မူဘုရားဆင်းတုတော်ကြီးများ၏ မူလပိုင်ရှင်မှာ ဆရာသော်ကြီး
ဖြစ်၏ ၊ ဆရာသော်ကြီးမှာ စကျင်းရွာဇာတိဖြစ်ပြီး ကျောက်ဆစ်ပညာရှင် လည်းဖြစ်
နိဗ္ဗာန်ကုန်သည်လည်းဖြစ်သည်။ နောက်ပိုင်းတွင် မန္တလေးမြို့ ကျောက်ဆစ်တန်း
သားတော်ရဘုရားမြောက်ဘက်တွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၎င်း၌ သား.သမီး
မထွန်းကားခဲ့သဖြင့် ယခုအခါ စကျင်ရွာ၌ ဆွေမျိုးအဆက်အနွယ် မရှိတော့ပေ။
၂။ မူလပိုင်ရှင် ဆရာသော်ကြီးအနေဖြင့် စကျင်တောင်မှ ကျောက်များကို
ပုံကြမ်းထုဆစ်ပြီး မန္တလေး ကျောက်ဆစ်တန်းသို့ သယ်ယူကာ အချောထည်များ
ထုလုပ်ခဲ့သည်။ ဦးမြိုင်ကြီးနှင့် ဦးလူဝ(ဦးဧကန်၏ဖခင်)ဟု တပည့်ကြီး ၂ယောက်
ရှိခဲ့သည်။
၃။ မိမိ၏ဖခင်ဦးလူဝ၏ပြောပြချက်အရ ဆရာသော်ကြီးသည် အချောထည်
ထုဆစ်ပြီး ဘုရားဆင်တုတော်များကို မန္တလေး ကျောက်ဆစ်တန်းမှ မရမ်းခြံ
ဆိပ်ကမ်းသို့သယ်ယူပြီး ဖေါင်များကို လှေနှင့်တွဲညှပ်ပြီး ဘုရားဆင်းတုတော်များ
ကို အောက်ပြည်အောက်ရွာသို့ စုံဆင်း၍ ပြန်လည်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်
ဆောင်ရွက်ခဲ့သည်။
၎။ ယခုဉာဏ်တော် ၆ ထောင် (၉ပေ)ရှိ ဆင်းတုတော်ကြီးမှာ ထိုအချိန်က
ဦးခေါင်းတော်မပြီးသေး၍ မရမ်းခြံဆိပ်ကမ်းရောက်မှ ဦးလူဝနှင့် ဦးမြိုင်ကြီး
(ဆရာသော်ကြီး၏ တပည့်နှစ်ဦး) တို့မှ ဆိပ်ကမ်း၌ တွင်းတူးပြီး အချောထုဆစ်ခဲ့ရ
ကြောင်း၊ တွင်းတူးရာမှ ရေများထွက်လာသဖြင့် ရေခါးလည်မြုပ်နှင့် မတ်တပ်ရပ်လျက်
ထုလုပ်ခဲ့ရကြောင်း၊ ထိုအချိန်က စက်ဘီးမပေါ်သေးသဖြင့် ခြေလျင်သွားကြရကြောင်း
များကို ဖခင်၏ပြောပြချက်အရ မှတ်သားသိရှိခဲ့ပါကြောင်း ဆက်လက်ပြောကြားသည်။
၅။ ထို့အပြင် ဖောင်နှစ်စင်းကို လှေနှစ်စင်းထပ်တွဲပြီး ဘုရားဆင်တုတော်
များကို ဖေါင်တစ်စင်းပေါ်တင်၊ ကျောက်စာအကြမ်းထည်များကို ဖေါင်တစ်စင်းပေါ်
တင်ပြီး အောက်ပိုင်းသို့ စုံဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖေါင်ဦးစီးမှာ ဦးထူးနှင့် ဦးအောင်ဘ
ဆိုသူဖြစ်ကြောင်း။
၆။ ``ဘုရားအမ မနှင်းလှ(မောင်)ဘုရားတကာ ဦးစန်ဒွန်း သားသမီးတစု
ကောင်းမှု နတ်လူ သာဒုခေါ်စေသော် ´´ ကဗျည်းထိုးထားသည့် ဘုရားမှာ ကြိုတင်
မှာယူထားသည့် ဘုရားဖြစ်၍ ကောင်းမှုရှင်ကဗျည်း ထိုးထားခြင်းဖြစ်နိုင်ကြောင်း။
မရမ်းခြံဆိပ်ကမ်းမှ ဘုရားဆင်းတုတော်များနှင့် ကျောက်စာချပ်ပုံကြမ်းများ သယ်ယူ
သည့် ဖေါင်နှစ်စင်းနှင့်တွဲလှေနှစ်စင်း ၄၀၅ဘီ ချော်ဆိပ်အနီး သံလျှက်မှော်ဝဲကြီး
တွင် နစ်မြှပ်ခဲ့ကြောင်းကို ဖခင်ဦးလူဝမှ ထိုစဉ်က ပြောပြခဲ့ဘူးကြောင်းကိုလည်း
ရှင်းလင်းပြောကြားသည်။
၇။ ယခုဆင်းတုတော်ကြီးများ လက်ရာမှာ သီပေါမင်းပါတော်မူပြီး ကိုလိုနီခေတ်
တွင် ထုလုပ်ခဲ့သောလက်ရာများဖြစ်ကြောင်း၊ ကိုလိုနီခေတ်ဖြစ်၍ ရတနာပုံခေတ်
နှောင်းပိုင်းလက်ရာအငွေ့အသက်များ မကင်းကြောင်း ရတနာပုံခေတ်လက်ရာဟု
လည်းပြောနိုင်ပါကြောင်း မုဒြာအားဖြင့် ဘူမိဖဿမုဒြာဖြစ်ကြောင်း၊ ဘုရားဆင်းတု
တော်ကြီးများ ပြုံးတော်မူပုံနှင့် ပတ်သက်၍ ထိုခေတ်က ကျောက်ဆစ်နည်းပညာအရ
ပြုံးခြင်း(၃)မျိုး ထုလုပ်ခဲ့ကြကြောင်း (နှာခေါင်းတော်၊မျက်ခုံးတော်၊ ပါးစပ်တော်)
ပြုံခြင်း(၃)မျိုးပါအောင် ထုလုပ်နိုင်မှသာ ဟန်ချက်ညီပြီး တည်ငြိမ်အေးချမ်းသော
အပြုံတော်ကို ဖူးတွေ့နိုင်ပါကြောင်း ဖခင်ဦးလူဝ လက်ထက်မှ လေ့လာသင်ယူ မှတ်သား
ခဲ့သော မှတ်စုမှတ်တမ်းများပြသ၍ ရှင်းလင်းပြောကြားခဲ့သည်။
Thursday, September 4, 2008
ပေါ်တော်မူဘုရား ပြောပြချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment