Thursday, August 28, 2008

Vista မှ ICS ဖြင့် XP တွင် အသုံးချခြင်း


ပုံ(၃) IP address


ပုံ(၂) services

ပုံ(၁) sharign



Vista မှ ICS လုပ်ယူပြီး XP တွင် အသုံးချခြင်း


ကျွန်တော်တို့တွေ XP ကနေ internet connection Sharing လုပ်ယူဖို့
ကြိုးစားခဲ့ကြတယ်..မရလိုက် ရလိုက်နဲ့ အဆင့်တွေကများတော့ အားလုံးအတွက်
အဆင်မပြေခဲ့ကြပါဘူးဒါကြောင့် Browser proxy software တွေသုံးပြီး ICS
လုပ်ယူသုံးစွဲခဲ့ကြတယ်..အဲဒီ software ကြောင့် connection က
မြန်သင့်သလောက်မမြန်ခဲ့ကြပါဘူး၊

Vista ကိုအသုံးပြုလိုက်တဲ့ အချိန်မှာတော့ ICS ကို ကောင်းမွန်စွာအသုံးချ
နိုင်ခဲ့တာကို တွေ့ခဲ့ပါတယ်..မိမိရဲ့ internet speed လဲ လျှော့နည်းသွားခြင်းမရှိပဲ
ကောင်းစွာအသုံးချနိုင်ပါတယ်..Physical test အရတော့ 512 ကို sharing
လုပ်သုံးတာ စက် ၁၀ လုံးလောက်ထိကောင်းစွာအသုံးချနိုင်တာကို တွေ့ရပါတယ်..
စက် 10 လုံးစလုံး အဆင်ပြေပါတယ်..download လဲအခက်အခဲ မရှိပါဘူး၊
ISP ရဲ့ proxy ကို တိုက်ရိုက်ချိတ်ဆက်တဲ့ နည်းဖြစ်လို့internet speed အတွက်
စိုးရိမ်စရာမလိုတော့ပါဘူး၊

Vista မှ ICS လုပ်ယူပုံအဆင့်ဆင့်ကိုတော့ Overview ပြောခွင့်ပြုပါဗျာ...
Vista ကို ISP နဲ့ချိတ်ဆက်ပြီး(C1) internet အသုံးပြုနေတယ်..
1. internet Properties မှ sharing ကိုသွားပြီ internet connection Sharing တွင်
2. Allow other network users to connect through this computer's internet
connection ကို အမှန်ချစ်လိုက်ပါ..
3. settings ထဲဝင်ပြီးတော့ မိမိ sharing လုပ်ခြင်းတဲ့ services တွေကို run (အမှန်ချစ်)
ခွင့်ပြုပြီး Edit... မှnetwork card (C2) အသစ်၏ IP ကို ထည့်လိုက်ပါ... services
တစ်ခုချင်အလိုက် IP ထည့်ပေးဖို့လိုပါတယ်..
(ဒီနေရာမှာ IP တစ်မျိုးတည်းသာ ထည့်ပြီးအသုံးပြုလို့ရပါတယ်. အများဆုံး
run ခွင့်ပြုတာကတော့ HTTP ,HTTPS တွေသာဖြစ်ပါတယ်.port တွေ
ပြောင်းလဲမှုမလုပ်တာကောင်းပါတယ်..)

နောက်ထပ် network card (C2) အသစ်တစ်ခုကို တပ်ဆင်လိုက်တယ်...
network card နှစ်ခုစလုံးကို Public network အဖြစ်အသုံးပြုပါတယ်..
network card (C2) အသစ် ကို IPv4 ကိုသုံးပြီး 192.168.0.1 255.255.255.0
အဖြစ်ထားလိုက်တယ်..example အတိုင်းသာ IP ပေးတာကောင်းပါတယ်..
Version တစ်မျိုးနဲ့တစ်မျိုးဖော်ပြချက်မတူညီပါဘူး၊

internet connection Sharing ရယူလို့သော XP မှ network card ကို
Obtain ပေးပြီး Vista စက်နှင့်တူညီသောWorkgroup ဖြင့် ချိတ်ဆက်လိုက်ပါ..
connection ရကြောင်း ဖော်ပြတဲ့အခါ Vista . XP စက်ကို restat လုပ်လိုက်ပါ...

Browser တွင် မိမိ ဆက်သွယ်အသုံးပြုလိုသော proxy address ကိုထဲပြီး
ICS ကို ကောင်းစွာအသုံးချနိုင်ပါတယ်...XP စက် ၁၀ လုံးခန့်ကောင်းစွာ
အသုံးချနိုင်တာကိုတွေ့ရပါတယ်...ICS ကြောင့် တစ်ခါတစ်ရံမှာ XP ဘက်မှ
share ယူသည့်အခါ ပြဿနာမရှိပေမဲ့ Vista ဘက်ကနေ XP ကို share ယူတဲ့အခါ ပြဿနာအနည်းငယ်ရှိတက်ပါတယ်.XP နဲ့ Vista network ဆက်သွယ်မှုတွင် မြန်နှုန်းသိသာစွာတိုးတက်မှုမရှိသော်လည်း Vista to Vista ဆက်သွယ်ရာမှာ
များစွာ တိုးတက်လာပါတယ်..

လက်ရှိ proxy server တစ်လုံးထိုင်ခ $300 မှ $ 500 ရှိရာ စက်၁၀လုံးအတွက်
Vista မှ ICS ကို အသုံးချခြင်းဟာကုန်ကျစရိတ်သက်သာပြီး ကောင်းမွန်ပါတယ်..
ကျေးဇူးတင်လျက်

1 comments:

Eye said...

ကောင်းတယ်ဗျာ။ အခုလိုပြောပြပေးတာ ကျေးဇူးပဲဗျို့။