Wednesday, July 2, 2008

ဆိုင်ကယ်လိုင်စင်လုပ်ရအောင် မန်း


၂၀၀၈ခုနှစ် ဆိုင်ကယ်ငွေကောက်ခံမှုဇယား

မန္တလေးမြို့မှာ လိုင်စင်မရှိ ဆိုင်ကယ်တွေ လိုင်စင်ပေးရာ။
ချမ်းအေးသာစံမြို့နယ်၊၆၆x၆၈လမ်း၊ ၂၈လမ်းနှင့် လမ်း၃၀ကြား
ပြည်ကြီးမျက်မှန်ရပ်ကွက်တွင် တည်ရှိသည့် ရဲသိပံ္ပ စစ်ရေးပြကွင်း၌ စတင်ပေး
ပါသည်။ ယခင်နေရာဟောင်းမှာပါ။
1.7.2008 ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
31.10.2008 နေ့အထိပါ။ ကွင်းဘေးပတ်လည်မှာလဲ ဆိုင်ခန်းတွေပြည့်
နေတယ်... မန်းမှာ နေကပူပူပါပဲ၊တစ်ရက်ကို ဆိုင်ကယ် ၃၀၀ လောက်
တန်းစီနေကျတယ်..
မော်တော်ယာဉ်မှတ်ပုံတင်လိုင်စင်ပြုလုပ်ရာမှာ လိုအပ်တဲ့
အချက်အလက်တွေနဲ့ တရားဝင် နှုန်းထားတွေကို တင်ပြလိုက်ပါတယ်..

မော်တော်ဆိုင်ကယ် မှတ်ပုံတင်လိုသူများအား အသိပေးအပ်ပါသည်
(က)မှတ်ပုံတင်လိုသည်သူ နိုင်ငံသားစီစစ်ရေးကဒ်/မှတ်ပုံတင်/၀န်ထမ်းကဒ်
မိတ္တူပါရှိရပါမည်။
(ခ) စက်/ဘောင် အမှတ်ထင်ရှားစွာပါရှိသည့် မော်တော်ဆိုင်ကယ်များကိုသာ
ဆောင်ရွက်ပေးပါမည်။
(ဂ)စက်ဘောင်အမှတ်များ ခဲခြင်နိုင်ရန်အတွက် အဖုံး၊အကာများကို မိမိအစီအစဉ်ဖြင့်
ဖြုတ်ပြီးမှ ၀င်ရောက်ပါရန်။
(ဃ) မှတ်ပုံတင်လုပ်ငန်းများကို (1.7.2008) မှ 31.10.2008) အထိ ရုံးပိတ်ရက်များမပါ
(၄)လ ဆောင်ရွက်ပေးပါမည်။

ယာဉ်မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းလိုအပ်ချက်အရ အောက်ပါအတိုင်း ကောက်ခံပါသည်
ဖောင်းကြွနံပါတ်ပြား (၁)စုံ ၅၀၀၀ ကျပ်
လုံခြုံရေးသော့ (၁)စုံ ၅၀၀ ကျပ်
ဟိုလိုဂရမ်(၁)ခု ၂၀၀ ကျပ်
ယာဉ်ဓါတ်ပုံ(၃)ပုံ(၂)စုံ ၂၀၀၀ ကျပ်
ပလစ်စတစ်လောင်းခ ၁၀၀ ကျပ်
မိတ္တူကူးခ ၁၀၀ ကျပ်
စုစုပေါင်း ၇၉၀၀ ကျပ်
( ငွေပိုမိုကောက်ခံပါက တာဝန်ခံအရာရှိထံ ချက်ချင်းတိုင်ကြားပါ )
မှတ်ပုံတင်ယာဉ်အားလုံး ကို တစ်ပြေညီကောက်ခံတာလို့ သိရပါတယ်.....

ဆိုင်ကယ်တစ်စီးအတွက် လုပ်ငန်းလိုအပ်ချက်ကောက်ခံငွေနှင့်
2008ခုနှစ် ဆိုင်ကယ်ငွေကောက်ခံမှုဇယား
နှစ်ခုပေါင်းငွေကို ပေးချေရမယ်လို့
သိရပါတယ်... အများစုကတော့ ၁၁၀စီစီ ဆိုင်ကယ်နှင့် ၁၂၅ စီစီ
ဆိုင်ကယ်တွေ တရုပ်နိုင်ငံလုပ် ၉၅ ရာခိုင်နှုန်းရှိပါတယ်...
ဆိုင်ကယ်လိုင်စင်ရရှိကြတဲ့အတွက် အများက ၀မ်းသာနေကြပါတယ်..
နယ်ကျော် ဆိုင်ကယ်တွေလဲ ပြန်ရတော့မယ်...
ဆိုင်ကယ်တွေ ဓါတ်ဆီကိစ္စ ကတော့ မကြားရသေးပါဘူး
တရုတ်ဆိုင်ကယ်ဈေးတွေ ၂သိန်းကျော် တက်သွားတယ်..
၆သိန်းအောက် ဘာဆိုင်ကယ်မှ မရှိတော့ဘူး

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေ ကို လမ်း ၈၀ ပေါ်မှာအများဆုံးလုပ်တာကိုတွေ့ရပါတယ်.
ဘုရာကြီးအရှေ့မုဒ်ကိုလည်း တစ်လမ်းမောင်း သတ်မှတ်ထားပါတယ်...
၈၄လမ်းမကြီးကိုလည်း အဆင့်မြင့်ပြုပြင်နေပြီး ရှေးအခါက ဓါတ်ရထားသံလမ်းဟောင်းများကို
တူးဖော်နေပါတယ်.. ရွှေတချောင်းမြောင်းကြီးလည်း ပြုပြင်နေတယ်..
မီးပွိုင့်တွေ ကောင်းလာတယ်.. ကင်မရာတွေ တပ်ထားတယ်...
၆၂လမ်းကိုလည်း အဆင့်မြင့်ပြုပြင်ထားတယ်...အဖြစ်အများဆုံးက
မီးခဏခဏ ပျက်နေတယ်...

ကဲ ဆိုင်ကယ်လိုင်စင်လေ လုပ်ကြအောင် ရွှေမန်းက ဖိတ်ခေါ်တယ်...
ပြီးမှ လမ်းကျယ်ကျယ်တွေပေါ်မှာ ကဲလိုက်မယ်...ဆိုင်ကယ်ထောင်လိုက်မယ်နော်....

0 comments: