ထူးခြားဆန်းကြယ်ဤ(၉)သွယ်
၁။မြစ်ရေအောက်ကြမ်းပြင်မှ ဆယ်ယူ၍ မြစ်ရေပြင်အထက်ရောက်ချိန်တွင် ဘုရားဆင်တုတော်၏တန်ချိန်မှာ (၁၅)တန်ခန့်ဖြစ်၍ ဆယ်ယူသည့်စက်လှေ(၃)စင်းသည် အထက်သို့
မဆန်နိုင်ပဲ အောက်ဘက်သို့ စုန်သွားရာ၊ ၄င်းအချိန်တွင် ရေနံတင်သင်္ဘောဆီချရန်
အချိန်ကိုက်ရောက်ရှိ လာသဖြင့် အထက်သို့ လွယ်ကူစွာပင့်ဆောင်နိုင်ခြင်း၊
၂။ကမ်းစပ်မြေပြင်မှ ကိန်းဝပ်စမ္ပါယ်တော်မူရာ ရန်မျိုးလုံဘုရာဝင်းအတွင်းသို့ ကရိန်းဖြင့် စတင်ပင့်ဆောင်ချိန်တွင် အနောက်အရပ်မှ မိုးသားများတက်လာပြီး အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း။
၃။ လွန်ခဲ့သော နှစ်ပေါင်း (၇၅)နှစ်ခန့်က မူလဘုရားဒါယကာများသည် ဆီမီးခုံရွာသားများဖြစ်ကြောင်း
သိရှိရပြီး ယခုမြစ်အတွင်းမှ ပြန်လည်ဆယ်ယူပေးသည့် ရေလုပ်သားများသည်လည်း ဆီမီးခုံရွာသာများ
ဖြစ်နေခြင်း။
၎။ရေငုတ်လုပ်သားအရေအတွက် (၁၀၈)ယောက်ရှိပြီး စုစုပေါင်းအဖွဲ့(၉)ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း။
၅။(၂၇.၅.၂၀၀၈)ရက်နေ့ ဧရာဝတီမြစ်ရေအောက်အနက်(၄၅)ပေတွင် စတင်တွေ့ရှိတူးဖော် ဆယ်ယူရရှိခြင်း။
၆။ဘုရားဆင်းတုတော်(၂)ဆူကို ကဆုန်လပြည့်ကျော်(၉)ရက်နေ့တွင် အောင်မြင်စွာ ပင့်ဆောင်နိုင်ခြင်း။
၇။ပေါ်တော်မူဘုရားကိန်းဝပ်စပ္ပါယ်တော်မူရာ ရန်မျိုးလုံဘုရားမှာလည်း အကွက်(၄၀၅)ဘီ၌
တည်ရှိတော်မူခြင်း။
၈။စတင်ဆယ်ယူပင့်ဆောင်ချိန်မှ ရန်မျိုးလုံဘုရားကုန်းတော်ပေါ်အရောက် အောင်မြင်ပြီး
မြောက်သည်အထိ ဆောင်ရွက်ကြသူများအားလုံးမှာ ပင်ပန်းနွမ်းနယ်မှုမရှိခြင်း။
၉။ရန်မျိုးလုံဘုရားကုန်းတော်၌ ကိန်းဝပ်စမ္ပါယ်ချိန်မှစ၍ ရောင်ခြည်တော်များ ကွန့်မြူးတော်မူသည်ကို ဘုရားဖူးလာပြည်သူအများဖူးတွေ့ကြည်ညိုရခြင်း။
မှတ်ချက်။ ဘုရားဆင်းတုတော်ကြီးများသည် စကျင်ကျောက်သားဖြင့်လက်ရာအလွန်သေသပ်
ကောင်းမွန်စွာထုလုပ်ထားခြင်းဖြစ်သည်။ဘူမိဖဿမုဒ္ဒြာ ဟုလေ့လာသိရှိရသည်။



1 comments:
ပေါ်တော်မူ ဘုရားဆင်းတုတော်တွေအကြောင်းကို
အသေးစိတ်ဖတ်ရလို့ ကျေးဇူးအရမ်းတင်တယ်ဗျာ
ဖတ်ချင်နေတာ ကြာပြီ.. အခုတော့ ဆန္ဒတွေ ပြည့်ဝ
သွားလို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်..
ကျွန်တော့ မေမေရွာကလဲ ဆီမီးခုံပါခင်ဗျာ ပို့စ်လေးကို
ဖတ်ရင်းနဲ့ မေမေ့ကိုတောင် သတိရမိပါတယ်
ကျေးဇူးပါပဲနော်
Post a Comment