Sunday, March 2, 2008

မီးလောင်ပြီးရတနာပုံဈေး

မီးလောင်ပြီး ရတနာပုံဈေး အခြေအနေများကို သိရှိရသလောက် တရားဝင်သတင်းများဖြင့်
ဖော်ပြပါတယ်...

မြေညီထပ်ဆိုင်ခန်းများအားလုံးကို
ယခင်ဈေးနေရာ ၇၉လမ်းမပေါ်၊ ၂၇လမ်းမှ ၃၄ လမ်းအထိ ယာယီဆိုင်ခန်းတွေချပေးမယ်လို့
တရားဝင်သတင်းသိရပါတယ်... မတ်လ ဒုတိယပတ်လောက် စတင်လုပ်ငန်းလုပ်တော့မယ်...
ရတနာပုံဈေးအောက်က ဘေးပတ်လည်မှာရှိတဲ့ မီးမလောင်းတဲ့ဆိုင်ခန်းတွေလည် ဈေးထွက်လို့
မရတော့ပါဘူး၊ သူတို့လည်း နေရာဟောင်းကို ပြန်သွားရမှာပါ...

ပထမထပ်
sky walk ရဲ့ သတင်းကတော့ တကယ်ကို ချီးကျူးစရာပါ...
စီမံခန့်ခွဲသူ အရည်အချင်းရှိတယ်လို့ မှတ်ကျောက်တင်ရပါမယ်..
မီးအာမခံကို မြန်မာ့အာမခံလုပ်ငန်းကနေတဆင့် မလေးရှာ ကုမ္ပဏီတစ်ခုမှာ

မီးအာမခံထားတဲ့အတွက် မကြာခင် အာမခံကြေးပြန်လည်ရရှိမှာဖြစ်ပါတယ်..
(တရားဝင်သတင်းပါ)

MICT park အခြေအနေကတော့ဖြင့်
ဆုံရှုံးမှုတန်ဖိုးကို တွက်ချက်တဲ့ ကော်မတီတွေကို တရားဝင်ဖွဲ့စည်းပြီး လုပ်ငန်းတွေဆောင်ရွက်
နေတယ်လို့ တရားဝင်သတင်းကြားရပါတယ်..
MICT အဖွဲ့တွေ ဆိုင်ခန်းကိစ္စ လှုပ်ရှားမှုတွေကိုတော့ စုံစမ်းနေဆဲပါ..

အလားတူပါပဲ ကျန်တဲ့အထပ်တွေကလည်း မီးအာမံကြေး မကြာခင်ရရှိတော့ပါမယ်..

ဝမ်းနဲ့စရာလေတစ်ခုကတော့
၂၇.၂.၂၀၀၈ ရက်နေ့ တရားဝင်သတင်းပါ၊
ပထမထပ်ရှိ အုတ်နံရံများပျိုးကျပျက်စီးမှုနှင့် အခြားပျက်စီးမှုတွေကို
စည်ပင်စစ်ဆေးရေးအဖွဲ့ကတွေ့ရှိလို့
ရတနာပုံဈေးအဆောက်အဦးကို အန္တရာယ်ရှိ အဆောက်အဦး အဖြစ်ကြေညာလိုက်ပါတယ်..
ဖျတ်တော့မယ်ဆိုတာ သေချာနေပါတယ်...
အဲဒီနေရာမှာ ဘာလိုအဆောက်အဦး ပြန်အစားထိုးမယ်ဆိုတာ သတင်းမကြာရသေးပါဘူး

စက်မှုလက်မှုကုန်သည်ကြီးများအသင်းရဲ့ ရှုံးခန်းကတော့ မီးထဲပါသွားပေမဲ့
ယခု ဈေးချိုတော်ကြီးမှာ ရုံးခန်းဖွင့်ထားပါတယ်...

0 comments: