ဓါတ်ပုံ(၆) ရတနာပုံဈေး တောင်ဘက်အခြမ်းဘက် မီးစတင်လောင်နေပုံ
ဓါတ်ပုံ(၅) ဈေးအနောက်တောင်ဒေါင့်မှ မြင်ရပုံ (ဈေးတောင်ဘက်အခြမ်းဘက်သို့ မီးဦးတည်လာနေပုံ)
ဓါတ်ပုံ(၄) MICT ဓါတ်လှေကားအခန်း၏အနောက်ဘက်ဆိုင်ခန်း (၃)ခန်းမြောက် အခန်း၏ အုတ်နံရံကို ဖေါက်ပြီး မြေညီထပ်အတွင်းခန်းများကို မီးငြိမ်းသတ်နေစဉ်
ဓါတ်ပုံ(၃) MICT ဓါတ်လှေကားအခန်းအရှေ့ရှိ မျက်နှာစာများ မီးလောင်နေပုံ
ဓါတ်ပုံ(၂) MICT ဓါတ်လှေကားအနီးရှိ ဆိုင်ခန်းများစတင် မီးလောင်နေစဉ်
ဓါတ်ပုံ(၁) ဈေးအရှေ့မြောက်ထောင့်မှ မီးစတင်လောင်နေစဉ်
ယနေ့ ခုနှစ် နံနက်(၈)နာရီခန့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်
၇၇x၇၈၊ ၃၃x ၃၄ လမ်းကြား ရတနာပုံအဆင့်မြင့်ဈေးကြီးတွင် ဈေးအရှေ့အလယ်ပေါက်(77လမ်း)
(ဃ)ရုံ၊မြေညီထပ်၊ဆိုင်အမှတ် (၂၆၁)၊ မတွမ်.... ဆိုင်ဖွင့်ချိန် လျှပ်စစ်မီးအားတင်ရာမှ စတင်လောင်းကျွမ်းခဲ့သည့်ဟု
ယူဆချက်ဖြင့် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရတယ်..
မြေညီထပ်ရှိဆိုင်ခန်းများ၏ ဆုံးရှုံးမှုတန်ဖိုးခန့်မှန်တွက်ချက်ခြင်း ဆိုင်ခန်း ၁၃၀၀ခန့်၊ ကာလတန်းဖိုးငွေ
သိန်းပေါင်း (၆၄၆၅)သိန်း၊
ဈေးကြီးတစ်ခုလုံး၊ မြေညီထပ်ရှိအတွင်းခန်း ဈေးဆိုင်အားလုံး မီးလောင်ကျွမ်းခဲ့တယ်၊
အဆိုရွာဆုံးအခြေအနေကိုသာမြင်တွေနိုင်တယ်...
ရတနာပုံဈေးအဆောက်အဦး၏ကာလတန်ဖိုးဖြတ်ရာ သိန်း(၈၀၀၀)ခန့်ဆုံးရှုံးသွားသည်
အပြင်ဘက်တန်းမှ အချို့ဆိုင်ခန်းများများ လောင်ကျွမ်းခဲ့တယ်..၊
ပထမထပ် ရှိ SKY WalK Shopping Center ကြီးတစ်ခုလုံးလဲ လောင်ကျွမ်းခဲ့တယ်... ၀န်ထမ်းနာနေခန်းနှင့် Orange
ဘက်တွင် အနည်ငယ်သာ ပစ္စည်းအချို့ပြန်လည်ရရှိခဲ့တယ်...၊ မန်းရတနာဟိုဒင်းအင်တာပရိုက်အခန်းများပျက်စီးသွားတယ်
သို့သော်လည်း မီးအရှိန်ကြောင့် အားလုံးနီးပါးဟာ ပြန်လည် အသုံးချလို့မရအောင် ပျက်စီးသွားတယ်...၊အနောက်ဘက် (၇၈လမ်း)ဆိုင်ခန်းများကတော့ ပျက်စီးမှု များတယ်..MK ဆိုင်ခန်းများသည့် နောက်ဆုံးမှ လောင်ကျွမ်းသော်လည်း
အပေါ်ထပ်၏ မီးကူးစက်မှုအရှိန်ကြောင့်သာ မီးလောင်ခဲ့ရတယ်... (ကိုယ်တိုင်မြင်တွေခဲ့ရတယ်)
ဆုံးရှုံးမှုတန်ဖိုး (၆၇၅၀)သိန်း၊အခန်းပေါင်း (၁၃၅)
ဒုတိယထပ် ကုန်သည်ကြီးများအသင်း၊ Relax စားသောက်ဆိုင်၊ စာအုပ်ဆိုင်များ၊န၀ရတ် ပညာရေးအဖွဲ့များ၊
GLS ကုမ္ပဏီ ၊မြန်မာမီလီယံ ကုမ္ပဏီ၊ မီဒီယာပိုက်လော့ ကုမ္ပဏီ Vinly ဆိုင်၊ထွန်းနေခြည်ဆောက်လုပ်ရေးလုပ်ငန်း၊
ကျော်ဇေယျာကုမ္ပဏီ၊ကလေးငယ်များ အင်္ဂလိပ်စာသင်ကြားမှုအခန်း၊နှင့် MCC စာသင်ခန်းများအားလုံး၊
စုံစမ်းရေးဌာနများ မီးလောင်ကျွမ်း ခဲ့တယ်..၊ ဆရာ ဦးစိုင်းကျော်ဇော ရဲ့ ရုံးခန်းမှာ အနည်းငယ်သာ ပစ္စည်းအချို့ကောင်းနေတယ်ကို တွေ့ရတယ်...
မန္တလေးဓါတ်ပုံအသင်းလဲ ပျက်စီးမှုနည်းပါတယ်..၊ရတနာပုံ အိပ်ချိန်(တယ်လီဖုန်း) မှာ ပထမဦးဆုံး မီးထဲစတင်ပါသွားတယ်...
ဆိုင်ခန်းအားလုံးစုစုပေါင်း (၁၇)သိန်း၊ ဆုံးရှုံးမှုတန်ဖိုး ၂၉၅ သိန်း၊ ကုမ္ပဏီများ၏ တရားဝင်ဆုံးရှုံးမှု မပါဝင်ပါ။
တတိယထပ်ရှိ Mandalay MICT Park ကြီးတစ်ခုလုံးကတော့ မီးလောင်ကျွမ်းမှုနည်းသော်လည်း၊ အောက်ထပ်များ၏
မီးအရှိန်၊ အလယ်ဗဟိုရှိ လေ၀င်ပေါက်များမှ မီးတောက်ကြီးများကြောင့် ပျက်စီးမှုများပြားသွားခဲ့တယ်...
Alpha, inet, NTGစတဲ့ ဆိုင်တွေ၊ ICT သမားတွေအတွက် ၀မ်းနည်းမိတယ်...
ဒီအထပ်မှာ Cyber Internet ဆိုင်မှ စတင်လောင်ကျွမ်းခဲ့တယ်..၊ဒီအထပ်မှာအခန်းပေါင်း (၅၄)ခန်း၊
ကာလတန်ဖိုးငွေ (၅၄၀)သိန်းဖြစ်ပါတယ်..(ကုမ္ပဏီများ၏ တရားဝင်ဆုံးရှုံးမှု မပါဝင်ပါ။)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အိတ်ချိန်းခုံနှင့်အခန်း ၏ ကာလတန်းဖိုး သိန်း (၄၀၀၀)ဖြစ်ပါတယ်..
စတုတ္ထအထပ်ရဲ့အခြေအနေက တက်ရောက်နိုင်ခြင်းမရှိသေးလို့
ပျက်စီးမှုမသိရသေးဘူး၊ သို့သော် ပျက်စီးမှုများမယ်လို့ သုံးသပ်မိတယ်၊
(ရေးဝ်ဝေါလ် ကုမ္ပဏီ ကွန်ပျူတာသင်တန်းကျောင်း)
အခန်းများ၏ ဆုံးရှုံးမှုတန်ဖိုး (၄၀၀)သိန်း။ အခန်းပေါင်း (၅၄)ခန်း၊(ကုမ္ပဏီများ၏ တရားဝင်ဆုံးရှုံးမှု မပါဝင်ပါ။)
အားလုံးကို ချုံပြီးပြောပြရရင် မြေညီထပ်(ဃ)ရုံ၊မြေညီထပ်၊ဆိုင်အမှတ် (၂၆၁)၊မတွမ်.. ဆိုင်မှ စတင်လောင်းတယ်လို့ ပြောလို့ရတယ်... နံနက်(၈)နာရီ မိနစ်(၂၀) ခန့်ကပါ၊ ဒါပေမဲ့ စတင်လောင်းချိန်မှာ ဆိုင်ခန်း(၂)ခန်းခန့်မီးလောင်နေပြီး အမျိုးသမီးအချို့သာရှိခဲ့တယ်... ထွက်ပြေးသွားခဲ့တာကြောင့်
မီးဟာ လုံးဝထိန်းလို့မရအောင် အပေါ်ဘက် ကို လောင်ခဲတယ်၊အပေါ်ဘက်ဟာ ဈေးရဲ့ အရှေ့ဘက်၊
မှန်မျက်နှာစာဖြင့် အလှဆင်ထားသော နေရာမှအပေါ်အထပ်များသို့ မီးပြန့်ပွား တယ်၊ အဲဒီအချိန်မှာစတင်ပြီ အထပ်(၄)ထပ်စလုံး မီးစွဲလောင်ခဲ့တယ်၊ ဒီနောက် အရှေ့မြောက်ဒေါင့်(လျှပ်စစ်ထရန်စဖော်မာ)နှင့်
မီးစက် ဘက်ရှိ အခန်းများဘက်သို့ ဦးတည်သွားတယ်... ဈေးရဲ့ အလယ်ဗဟိုကိုလဲ မီးကူးသွားတယ်...
မီးရဲ့အရှိန်တက်လာမှုကြောင့် ပထမထပ်အရှေ့ဘက်အခြမ်းဟာ မီးလောင်လာခဲ့တယ်.။
ဒီနောက် ဈေးရဲ့အလယ်ဗဟို၊ MICT ဓါတ်လှေကားရှိရာ အလယ်ဝင်ပေါက်ဘက်ကို မီးကူးလာခဲ့တယ်..
သို့သော်လည်း အတွင်းဘက်ဗဟို မှ မီးလောင်အရှိန်မြင့်မားမှုကြောင့် အနောက်ဘက်ဈေးဆိုင်ခန်းများဘက်သို့ ဦးတည်
လာခဲ့တယ်...အဲဒီအချိန်ဟာ ၁၀နာရီခန့်ကပါ၊ဒါနဲ့ပဲ SKY Wall ရဲ့အနောက်ဘက်အခြမ်း MK ဘက်ကို မီးဦးတည်းလာခဲ့တယ်.
မီးသတ်သမားများရဲ့ ကြိုးစားမှုကြောင့် အဆင့်မြင့်မီးသတ်ကားများရဲ့ ကူညီမှုနဲ့ အနည်းငယ်သာ ဆောင်ရွက်နိုင်ခဲ့တယ်..
အပေါ်ထပ်များ(Relax )ရဲ့ ဂါတ်စ်အို(မီးဖိုးသုံး)များရဲ့ ပေါက်ကွဲမှုကြောင့် မီးတောက်များရဲ့ အမြင့်ဟာရတနာပုံဈေးထက်မြင့်တာကို
အားလုံးမြင်တွေ့ရတယ်၊ ရတနာပုံဈေးကြီး တစ်ခုလုံးကို မီးညိမ်းသက်မှုဟာ နံနက်(၈)နာရီမှ စတင်ခဲ့ရာမှ နေ့လည် (၃)နာရီခန့်တွင်
မီးညွှန့် ကျိုးသွားတယ်... ယခုအထိ မီးလောင်နေဆဲပါ(ည ၇း၃၀) ၊ဆုံးရှုံးမှုတန်ဖိုးကတော့ ဈေးကြီးတစ်ခုလုံးဖြစ်လို့ စာဖတ်သူသာ ခန့်မှန်ကြည့်ပါ၊ ကျွန်တော်အတွက်ကတော့ ကွန်ပျူတာလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ Blogger များ၊
MZ ရဲ့ Reader များအတွက် ICT နေရာတစ်ခုဆုံးရှုံး သွားတယ်၊မီးသတ်သမားများ ကြိုးစားခဲ့ကျသော်လည် ဈေးဝင်ပေါက်များ ကျဉ်းနေခြင်း၊ မီးခိုများထူထပ်မှုများကြောင့် မီးပိုမိုလောင်ခဲ့တယ်၊ လူအသက်အန္တရယ် မဖြစ်ခဲ့တာကို တွေ့ရတယ်၊ မန္တလေးတိုင်း တတိုင်းလုံးရှိ မီးသတ်များက ကူညီခဲ့တယ်၊
( ၅ မြို့နယ်မီးသတ်ကားပေါင်း ၆၀စီး၊ ကျောက်ဆည်မှ အဆင့်မြင့်ကား(၂)စီး၊ရိုးရိုးကား(၁)စီး၊ပြင်ဦးလွင်ရှိ
ဗဟိုမီးသတ်သင်တန်းကျောင်းမှ အဆင့်မြင့်မီးသတ်ကား(၁)စီး၊ ရိုးရိုးမီးသတ်ကား(၃)စီး၊မန်းစည်ပင်မှ ရေသည်ကား
(၅)စီး၊ ဆည်မြောင်ဦးစီးဌာနမှ ရေသည်ကား(၂)စီး၊ အခြားလူမှုကူညီရေးအသင်းများမှ (၁၀)စီး၊
သံဃာပေါင်း(၁၀၀၀၀)ကျော်နဲ့၊ အများပြည်သူ (၅၀၀၀၀)လောက် လာရောက်အားပေးကြတယ်.. အလုပ်သမားပေါင်း ၅၀၀၀ (ဈေးဆိုင်ဝန်ထမ်းများ)၊ ICT ဆိုင်ရာ ၀န်ထမ်း ၅၀၀ ကျော် အလုပ်ပြဿနာ ဖြစ်စေခဲ့တယ်..
အစိုးရ၏ တရားဝင်ဆုံးရှုံးမှုဟာ ကျပ်သိန်းပေါင်း (၂၇၀၀၀)ခန့်ဖြစ်တယ်လို့ တရားဝင်သိရတယ်..
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရှိမှုတွေကတော့ သံဃာတော် ( ၄) ပါး၊ မီးသတ်စေတနာဝန်ထမ်း (၁၁)ဦး၊
ကူညီလာရောက်ပေးကြသော အရပ်သာ ၂ ဦး၊ အမျိုးသမီး ၂ ဦး ၊ စုစုပေါင်း ၂၁ ဖြစ်ခဲ့ပါတယ်..
သေးဆုံးမှုမရှိခဲ့ပါ။
အဆိုပါနေ့ ၂၆.၂.၂၀၀၈ ရက်နေ့ နေ့လည် (၁)နာရီ ၅ မိနစ်ခန့်တွင် MICT Park မှ မီးကြွင်းမီးကျန်မှ
တဆင့် ဒုတိယအကြိမ် မီးလောင်ခဲ့ရာ ၁နာရီ ၃၀ ခန့်တွင် မီးငြိမ်းသွားတယ်...
ရေသည်ကားများ၊ အလှူရှင်များ၊ ကူုညီထောက်ပံ့သူများ၊လူမှုရေးအဖွဲ့အစည်းများရဲ့ ကူညီမှုကို ကျေးဇူးတင်ပါတယ်..
ချစ်စွာသော iceos.blogspot.com
(၀န်ခံချက် - အဆိုပါမီးလောင်မှုတွင် ကိုယ်တိုင်ပါဝင်မီးငြိမ်းသတ်ခဲ့ပြီး၊ ဓါတ်ပုံများမှာ ကိုယ်တိုင် GSM ဖြင့် ရိုက်ကူးခဲ့ပါတယ်..
ဆုံးရှုံးမှုတန်ဖိုးများသည် တရားဝင် ဖော်ပြချက်များဖြစ်ပြီး၊ ကုမ္ပဏီများ ပစ္စည်း၊လုပ်ငန်း ဆုံးရှုံးမှုများ မပါဝင်ပါ )
Monday, February 25, 2008
ရတနာပုံဈေးမီးလောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment