Thursday, November 22, 2007

ကွန်ပျူတာကိုင်

ကျွန်တော် ဘ၀မှာ ကွန်ပျူတာကို ကိုင်တွယ်မည့်အချိန်နှင့် အခက်အခဲတွေ၊ အလုပ်လုပ်တာတွေ၊ အဆင်မပြေတဲ့အခါ၊ အားပေးနေတဲ့ အောက်ပါမှတ်စုလေးကို အမြဲအမှတ်ရနေမိပါတယ် -

  • ကွန်ပျူတာဆိုတာက စနစ်တကျတွေးခေါ်ပြီး ပြဿနာအဖြေရှာတက်အောင် လေ့ကျင့်ပေးတဲ့အရာတစ်ခုသာဖြစ်ပါတယ်။

  • ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်ဖို့ဆိုတာက
    • သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေနှင့် ရေးဖွဲ့မှုဆိုင်ရာ ဥပဒေသတွေကို တိတိကျကျလိုက်နာတက်ဖို့
    • မှန်မှန်ကန်ကန်တွေးတော ဆင်ခြင်တက်ဖို့
  • လမ်းညွှန်ချက်တွေ၊ လုပ်ထုံး လုပ်နည်းတွေကို အတိအကျလိုက်နာပြီး

  • ယုတ္တိတန်တန်တွေးတောလုပ်ဆောင်နိုင်တဲ့လူတစ်ယောက်အဖို့ ကွန်ပျူတာကိုကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ပါတယ်

  • ကိုင်တွယ်ပြီး ဆိုတာနှင့် တစ်ဆင့်ချင်း လမ်းညွှန်ချက် အသေးစိတ်မှန်သမျှကို ဂရုထားရမှာဖြစ်သည်

  • ကွန်ပျူတာဆို ဘာမှမဟုတ် စက်တစ်လုံးသာဖြစ်တယ် ကိုယ်ခိုင်းတာကိုပဲလုပ်တက်တယ်

  • လုပ်ဆောင်ရာမှာ အလွယ်ကူဆုံးအဆင့်ဖြစ်တဲ့ အစိတ်အပိုင်းလေးတစ်ခုမှာတောင် မျက်စိလျှံသွားရင်

  • စက်ကအမှားတွေထွက်လာမယ်။ garbage in, garbage out ပါ။(GIGO)

  • ကိုင်တွယ်တဲ့အခါ လမ်းညွှန်မှုပြုဖို့ လိုတယ်နည်းလမ်းတွေ ညွှန်ကြားချက်တွေကို တစ်သဝေမတိမ်း လိုက်နာပြီး

  • စနစ်တကျ ကိုင်တွယ်ဖို့လိုပါတယ်

  • ကိုင်တွယ်ပြီဆိုတာနှင့် ဉာဏ်ရည်ဘယ်လောက်ပဲ မြင့်မြင့်အသေးစိတ်ဂရုပြုရမယ့် ကိစ္စတွေမှာပေါ့ပေါ့တန်တန်လုပ်ရင်သူလုပ်သမျှ အချည်းနှီးပါပဲ

  • အထပ်ထပ်လေ့ကျင့်ခြင်းဖြင့် အတွေ့အကြုံတွေ တိုးပွားလာပြီး အရည်အချင်းပြည့်မီလာနိုင်ပါတယ်

  • အဆင့်မြင်တဲ့အရည်အသွေးတွေ ရလာနိုင်ပါတယ်
  • Ref: မောင်သင်္ချာပြုစုသည့် Test Your IQ၏ စာသားများကို နှစ်သက်ရာမှတ်စုပြုပါသည်
    ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်သိန်း (ဆောင်းပါး)
    စာဖတ်သူ ကျန်းမာရွှင်လန်းပါစေ…..
    ချစ်စွာသော
    iceos.blogspot.com
    icefirester@gmail.com


    Technorati Tags: , ,,

    0 comments: